ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

အသည်းကွဲခြင်းတဲ့ .......................... Index
1

    အသည်းကွဲခြင်းတဲ့ ..........................

    avatar


    Points : 0
    Join date : 1969-12-31

    အသည်းကွဲခြင်းတဲ့ .......................... Empty အသည်းကွဲခြင်းတဲ့ ..........................

    Post   Sat Sep 04, 2010 9:04 pm

    > အသည်းကွဲခြင်းတဲ့ ..........................
    > အသည်းကွဲတယ်ဆိုတာ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာ၊ ကိုယ်တန်ဖိုးထားမြတ်နိုးရတဲ့အရာ တစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းကြော
    > င့် ဖြစ်ပေါ်လာတဲ့ နာကျင်တဲ့ ခံစားချက်လေးပဲ ဖြစ်ပါတယ်..
    > အခြေအနေအမျိုးမျိုးကြောင့် အသည်းကွဲတယ်ဆိုတာ ဖြစ်ပေါ်လာတာပါ.....
    >
    > (1) မိမိချစ်သူက မိမိကို ရက်ရက်စက်စက်ထားပစ်ခဲ့ခြင်း
    >
    > ဘာကြောင့် ထားခဲ့ရတာလဲ..မိမိကလည်း သူ့အပေါ်တန်ဖိုးထားမြတ်နိုးနေပါရက်နဲ့ သူ့အပေါ် အပြစ်လည်းမလုပ်၊ ကောင်းနေပါရက်နဲ့ ဘာကြောင့် ထားခဲ့ရတာလဲ....
    > နောက်တစ်ယောက် တွေ့ရှိသွားလို့လား..
    > မိမိကို စိတ်ကုန်သွားလို့လား...
    > ကိုယ့် ဘာသာကိုယ် ပြန်လည်သုံးသပ်ပါ...
    > အကြောင်းမရှိပါပဲလျှက် ထားသွားခဲ့ခြင်းဆိုလျှင်တော့ သူဟာ ကိုယ့်အပေါ်တစ်ကယ်မချစ်တာ သေချာသွားပါပြီ...ကိုယ့်အပေါ်တစ်ကယ်မချစ်တဲ့သူအတွက် နာကျင်ပူဆွေး မနေပါနဲ့ ...
    > ဖြေသိမ့်လိုက်ပါ
    > အလွမ်းလာရင် အနာနဲ့ ဖို့ပါ...ငါဟာ သူ့အပေါ်ကောင်းနေပါရက်နဲ့ သူ ငါ့ကို ထားသွားခဲ့တယ်...သူဟာ တစ်ကယ်တော့ ငါနဲ့ မထိုက်တန်သူတစ်ယောက်ပဲ...ငါ့ရဲ့ မွန်မြတ်တဲ့ အချစ်နဲ့ မထိုက်တန်သူတစ်ယောက်ပဲ ဆိုပြီး နာကျည်းလိုက်ပါ ......ကုန်ဆုံးသွားတဲ့ အချိန်တွေကို နှမြောပါ...ကိုယ်လုပ်ပေးတဲ့အရာနဲ့ သူ့ရဲ့တုန့်ပြန်ချက်ကို နှိုင်းယှဉ်ကြည့်ပါ...ကွာခြားချက်တွေ တွေ့ရှိလာပါလိမ့်မယ်...အဲဒီ ကွာခြားချက်ပေါ်မူတည်ပြီး နာကျည်းလိုက်ပါ..
    > စောစောလမ်းခွဲသွားတာ ကံကောင်းခြင်းလို့ပဲ မှတ်ယူလိုက်ပါ...သင်ခန်းစာရတယ်လို့ပဲ သဘောထားလိုက်ပါ..သတိရမိတိုင်း ကိုယ့်အပေါ်သူပြုမူချက်တွေကို ပြန်တွေးပြီး သတိရမိတဲ့စိတ်ကို မေ့ဖျောက်ပစ်ပါ...စိတ်သက်သာရပြီး လုပ်ရမဲ့အလုပ်တွေကို အောင်မြင်စွာနဲ့ လုပ်ကိုင်လာနိုင်လိမ့်မယ်.....
    > (2) မိမိက ချစ်သူကို ထားပစ်ခဲ့ရခြင်း
    > ဘာကြောင့် ထားခဲ့ရတာလဲ...မိမိက မိမိချစ်သူကို ချစ်ပါရက်နဲ့ ရွေးချယ်ခွင့်မရှိတော့တာကြောင့် ..မိမိဘ၀အခြေအနေကြောင့်၊ ညှိနှိုင်းလို့ မရတော့တဲ့အခြေအနေတွေကြောင့် တစ်ခါတရံမှာ ချစ်ခင်မြတ်နိုးပါရက်နဲ့ စွန့်လွတ် လိုက်ရပါတယ်...ဖြစ်ပေါ်လာတဲ့ နာကျင်ခံစားမှုကတော့ ရူးမတတ်ပါပဲ..ဘ၀ကြီးတစ်ခုလုံး ပျက်စီးသွားရလောက်တဲ့အထိတောင် ခံစားရပါတယ်..ရင်ခွင်တစ်ခုလုံး ဗြောင်းဆန်နေအောင် ခံစားရပါတယ်..
    > ခံစားရအခက်ဆုံးပါပဲ..မတတ်သာတဲ့အခြေအနေကြောင့် စွန့်လွတ်ရတာပါ....
    > ဖြေသိမ့်လိုက်ပါ
    > လောကမှာ ဘယ်အရာကိုမဆို တစ်ခုလိုချင်ရင် တစ်ခုကိုတော့ စွန့်လွတ်ရတယ်ဆိုတာကို သတိရပါ ..မိမိသာ ရွေးချယ်မှုမှန်ကန်တဲ့ လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို အသိမှတ်ပြုလိုက်ပါ..ဂုဏ်ယူလိုက်ပါ..
    > ငါ့ဘ၀မှာ ရှေ့လျှောက် ကောင်းမွန်ခြင်းတွေနဲ့ ပြည့်စုံနေမှာပါဆိုတဲ့ အနာဂတ်ကို ကြိုတွေးပြီး ပျော်ရွှင်မှုကို ရယူပါ...မိမိကိုယ်ကို ယုံကြည်မှု အပြည့်အ၀ ထားရှိပါ..နောင်တကို အတတ်နိုင်ဆုံး မရအောင် ထိန်းပါ. ဘ၀တစ်ခုလုံးမှာ အချစ်ဆိုတဲ့အရာကို အသေးဖွဲဆုံးလို့ ခံယူထားလိုက်ပါ ...အချိန်ကြာလာတာနှင့်အမျှ အရာအားလုံး မေ့ပျောက်မသွားသည့်တိုင်အောင် ဖြေသိမ့်နိုင်ပါလိမ့်မယ်....စိတ်ထားတတ်လာပါလိမ့်မယ်....
    > (3) နှစ်ဦးနှစ်ဖက် သဘောထားကွဲလွဲမှုကြောင့်.........
    > သူစိမ်းနှစ်ယောက်မှာ စိတ်သဘောထားခြင်းတိုက်ဆိုင်ဖို့ စိတ်တူညီဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့ ကိစရပ်တစ်ခုပါ ..ချစ်သူတွေဖြစ်လာရင် ညိနှိုင်းရပါမယ်..နားလည်မှုတွေ ယူရမယ်..တစ်ယောက်ကတင်းရင် တစ်ယောက်ကလျှော့ရမှာပါ...ပြိုင်တင်းနေရင်တော့ တင်းလွန်းတဲ့ကြိုးလေးဟာ ပြတ်သွားတတ်တာ ထုံးစံပါပဲ...ဒီလိုပါပဲ ချစ်သူတွေလည်း ချစ်သူတွေဘ၀မှာတောင် နားလည်မှုမရှိရင် နောင်လာမဲ့ ရှေ့ဆက်ရမယ့် အနာဂတ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး....
    > ဖြေသိမ့်လိုက်ပါ ....
    > ညှိနှုင်းလို့မရ ..နားလည်မှုမရှိတဲ့ ချစ်သူတစ်ယောက်ကို ရှေ့ဆက်ပြီး လက်တွဲနေမယ်ဆိုရင် ဖြစ်လာမဲ့ အရာတွေကို တွေးကြည့်လိုက်ပါ..ပျော်ရွှင်စရာမကောင်းဘူးဆိုတာ သိလာပါလိမ့်မယ်..နောက်တစ်ဆင့်တက်ပြီး ပေါင်းစပ်ဖို့ကို တွေးကြည့်လိုက်ပါ..မဖြစ်နိုင်ဘူးဆိုတာကို ထင်ထင်ရှားရှား တွေ့မြင်လာပါလိမ့်မယ်....မိမိရွေးချယ်မှု မှန်ကန်တယ်ဆိုတဲ့ ယုံကြည်ချက်တွေ ရလာပြီး ရှေ့အနာဂတ်လည်း သာယာလှပလာမှာပါ.....
    >
    > တစ်ခါတရံ နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးရပါလိမ့်မယ်..........

      Current date/time is Sun May 19, 2024 3:28 am