ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

web development နဲ့ပါတ်သက်တာကိုပြောချင်တာပါ။ Index
1

    web development နဲ့ပါတ်သက်တာကိုပြောချင်တာပါ။

    avatar


    Points : 0
    Join date : 1969-12-31

    web development နဲ့ပါတ်သက်တာကိုပြောချင်တာပါ။ Empty web development နဲ့ပါတ်သက်တာကိုပြောချင်တာပါ။

    Post   Sat Sep 04, 2010 8:54 pm


    အဓိကကတော့ web development နဲ့ပါတ်သက်တာကိုပြောချင်တာပါ။ အခြေခံကနေစပြီး advance ပိုင်းအထိ ရေးသွားဖို့ ရည်ရွယ်ထားပါသည်။ ထုံးစံအတိုင်း မသိသေးသူတွေအတွက် what is program? what is programming language? ဆိုတာတွေကိုနဲနဲတော့ လျှာရှည်မယ်နော်။ တိုက်ရိုက်ဘာသာပြန်ရရင်တော့ program ဆိုသည်မှာ လုပ်ဆောင်ချက်တစ်ခုကို ကွန်ပျူတာအား မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို ညွန်ကြားပေးသော လမ်းညွန်ချက်များကို အစီအစဉ် တကျစုပေါင်းထားသော အရာဖြစ်သည်တဲ့။ကွန်ပျူတာဆိုတာက ကျွှန်တော်တို့ လူသားတွေပြောတဲ့ ဘာသာစကားမျိုးကိုနားမလည်ပါဘူး.. ကွန်ပျူတာက နားလည်တာက machine code တွေကိုပါပဲ။ ကျွှန်တော်တို့ Machine code နဲ့ program ရေးလို့ရပေမယ့် high level programming language တွေနဲ့ရေးတာက အများကြီးပိုလွယ်လို့ သုံးပါတယ်။ ကျွှန်တော်တို့က language တစ်ခုခုနဲ့ code တွေကိုရေးမယ် ၊ အဲနည်းလမ်းနှစ်မျိုးနဲ့ program တစ်ခုကို process လုပ်နိုင်ပါတယ်တဲ့ ၊ compilation နဲ့ interpretation တို့ဖြစ်ပါတယ်။ high level language တွေုကို CPU ကတိုက်ရိုက်မတွက်နိုင်ပါဘူး။ computer ကနားလည်တဲ့ machine language တစ်ခုဖြစ်ဖို့ အရင်ပြောင်းပါတယ်။compilation မှာတော့ compiler လို့ခေါ်တဲ့ program တစ်ခုနဲ့ ပြောင်းလေ့ရှိပါတယ်။ compiler က program ရဲ့စာလုံးအသိုအထား အမှားတွေကို စစ်ဆေးမယ်။ ပြီးရင် object code ကိုထုတ်ပေးမယ်ပေါ့။ ဒါမှ processor က execute လုပ်နိုင်တာပါ။ Interpreter ကတော့ ကျွှန်တော်တို့ရဲ့ source program ကို စစ်ဆေးမယ် တခါတည်း တန်းပြီး execute လုပ်တယ်ပေါ့ဗျာ။ သူက error တွေကို အရင်စစ်မယ် ပြီးတာနဲ့ object code ကိုမထုတ်ပဲ တိုက်ရိုက် execute လုပ်တာပေါ့ဗျာ။ language ပေါ်မှာမူတည်ပြီးတော့ ပုံစံတွေက အနည်းငယ်စီတော့ ကွဲပြားကြပါတယ်။ ပြောချင်တဲ့ web development အကြောင်း က အခုမှလာမှာ။ ကဲ JavaScript နဲ့ပါတ်သက်ပြီးနဲနဲ လေကန်ကြည့်မယ်။ JavaScript ကို ကွန်ပျူတာသမားတော်တော်များများ သိကြပါတယ်။ ဒါပေမယ့်သေချာမသိကြသလို စနစ်တကျလေ့လာတဲ့သူကလည်း web developer တွေလောက်ပဲရှိမှာပါ။ လူအများစုက html ကိုလေ့လာပြီးရင် JavaScript လေ့လာရမယ်လို့ ယူဆကြပါတယ်။ JavaScript ကိုသုံးပြီးတော့ ကျွှန်တော်တို့ရဲ့ website တွေကို သက်ဝင်လုပ်ရှားလာအောင် လုပ်နိုင်ပါတယ်။ special effects တွေကိုလည်းဖန်တီးနိုင်ပါတယ်။ JavaScript မပါပဲ html သီးသန့်သုံးပြီးတော့လည်း website ရေးလို့ တော့ရနိုင်ပါတယ်။ html ကိုသုံးပြီးလုပ်လို့မရတဲ့ features တော်တော်များများကိုတော့ JavaScript လို scripting language ကိုသုံးပြီးတော့ ထည့်ကြပါတယ်။

    JavaScript ရဲ့ coding က တခြား programming နဲ့ scripting language တချို့နဲ့အတော်နီးစပ်ပါတယ်။ java,C++,C တို့နဲ့တူတဲ့ syntax တွေရှိတယ်။ Perl နဲ့လည်းတူတာတွေရှိပါတယ်။ JavaScript က compile လုပ်ရတာမဟုတ်ပဲ interpreter သုံးပြီး run တဲ့ language ပေါ့ဗျာ။

    JavaScript ဖြစ်ပေါ်လာတာက တော့ Netscape Communications Corporations နဲ့ Sun Microsystems, Inc တို့ကနေ 1995 December 4 ရက်မှာ စတင်ပါတယ်တဲ့။JavaScript လို့မခေါ်ခင်တုန်းက livescript လို့ခေါ်ခဲ့ဖူးပါတယ်။ JavaScript က object-based ဖြစ်ပါတယ်။ client side scripting language ဖြစ်ပါတယ်။ web pages တွေကိုသက်ဝင်လှုပ်ရှားလာအောင် dynamic ဖြစ်အောင် လုပ်ပေးတာပေါ့ဗျာ။ client side ဆိုတာကဘာလဲသိရပါမယ်။ ဆိုလိုတာက JavaScript ကို run ပေးတာဟာ ကျွှန်တော်တို့ အသုံးပြုတဲ့ software (client) ကိုသုံးလို့ခေါ်တာပါ။ server side language တွေလည်းများစွာရှိတယ်လေ။ ဥပမာ php ပေါ့ဗျာ။ သူ့လိုမျိုးကြတော့ web server ပေါ်မှာ run တာပေါ့။ ကျွှန်တော်တို့ရဲ့ JavaScript ကို run ပေးတဲ့ client ကတော့ Mozilla Firefox တို့ IE တို့လို web browser တွေပေါ့ဗျာ။ ရှင်းရှင်းလင်းလင်းသိသွားရအောင် client side နဲ့ server side languages တွေရဲ့အလုပ်လုပ်ပုံကိုပါတခါတည်းလေ့လာကြရအောင်ဗျာ။

    server-side language တွေက web page တွေဆီကနေ ပို့ပေးလိုက်တဲ့ အချက်အလက်တွေကိုရယူပါတယ်။ host ရဲ့ server ဆီကို ရောက်လာမယ်။ ရောက်လာတဲ့ information ပေါ်မှာမူတည်ပြီးတော့ server ပေါ်မှာ run ပါတယ်။ ပြီးမှ browser ဆီကို လိုအပ်တဲ့အချက်အလက်ကိုပြန်ပို့ပေးပါတယ်။ ဥပမာ ကျွှန်တော်တို့က web page ပေါ်မှာ click တစ်ချက်နှိပ်လိုက်ရင် ကျွှန်တော်တို့ အဲဒီ click နှိပ်လိုက်ခြင်းကြောင့် ရလာတဲ့ result ကိုမမြင်ရခင်မှာ server ဆီကို ကျွှန်တော်တို့ရဲ့ Input ပေးလိုက်တဲ့ အချက်အလက်တွေကို ပို့တာ ရယ် server ကနေ ပြန်ပို့တာတွေ လုပ်နေတာဖြစ်ပါတယ်။ဒါက server-side ရဲ့သဘောပါ။

    client-side language ကတော့ ကျွှန်တော်တို့ user တွေအသုံးပြုတဲ့ client ပေါ်မှာပဲ တိုက်ရိုက် run တာပါ။ JavaScript ရဲ့ client ကတော့ web browser ပေါ့။ ဒါကြောင့် သူ့အနေနဲ့ web server ဆီကို information ပို့တာ ပြန်ထုတ်တာတွေ လုပ်ဖို့မလိုပါဘူး။ သဘောတရားကတော့ browser က code ကိုဖတ်တယ် ပြီးရင် interprets လုပ်တယ်။ ပြီးရင် ပြန်ထုတ်ပြတယ်။ မြန်မြန်ဆန်ဆန် ပြီးပါတယ်။ သူ့နေရာနဲ့ သူတော့ client-side ရော server-side ရော လိုအပ်ပါတယ်။ ဥပမာ form တစ်ခု ဆိုပါစို့ဗျာ။ ကျွှန်တော် တို့ sign up လုပ်တဲ့အခါဖြစ်ဖြစ်ပေါ့ ကျွှန်တော်တို့ text box ထဲမှာထည့်လိုက်တဲ့ data တွေကိုမှန် မမှန် ကို client side language တစ်ခုနဲ့စစ်မယ်။valid ဖြစ်မဖြစ်ကိုပေါ့။ ပြီးမှ submit ကိုဖြစ်ဖြစ်နှိပ်လိုက်မှ server ဆီကိုပို့မှာပေါ့။ server ဆီကိုမှန်ကန်တဲ့ information တွေပဲရောက်ရှိစေတာပေါ့ဗျာ။ web server ပေါ်မှာ အချက်အလက်တွေကို save လုပ်ပြီး သိမ်းထားဖို့လိုအပ်တာမျိုး ကြတော့ server side နဲ့ပဲလုပ်လို့ရတာပေါ့။ ကဲ JavaScript က scripting language တဲ့။ ဒါဆို scripting lanauge က ဘာလဲ။ scripting language တွေက compile လုပ်စရာမလိုပါဘူး၊ client ကနေပဲ တိုက်ရိုက် interpret လုပ်ပါတယ်။ ပုံမှန် programming language တွေ မှာက ကျွှန်တော်တို့ program ရေးတယ်။ မ run ခင်မှာ အရင် compile လုပ်ရသေးတယ်လေ။ ဒါမှ syntax errors တွေ မရှိတာသေချာမှ ကောင်းကောင်း run လို့ရမှာပါ။ scripting language ကြတော့ တိုက်ရိုက် ဘာသာပြန်တယ်ပေါ့ဗျာ။ code ရဲ့ result ကိုမြန်မြန်သိရတာပေါ့။ syntax error တွေဘယ်လိုရှင်းမလဲဆိုတာကတော့ သုံးတဲ့ client က error တွေကို ဘယ်လို hundle လုပ်နိုင်တဲ့ပေါ်မှာမူတည်မှာပါ။

      Current date/time is Thu Nov 21, 2024 9:40 am