A - ကြိုးစားချင်ပေမယ့် - - - မဖြစ်လာသေးတာ ဘယ်လိုလုပ်မလဲ
- အဲဒီလို့မျိုးဘယ်တော့မှ မဖြစ်စေရဘူး
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။
A -- လူတိုင်းနဲ့လည်း တဲ့အောင်နေတတ်တယ်
- အဲဒါတော့ဟုတ်တယ်။
ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။
A -- ဘယ်သူ့ကျေးဇူးပဲဖြစ်ဖြစ် အမှတ်ရနေတတ်ပါတယ်။
- ဖြစ်နိုင်ပါတယ်
ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။
A - ပြုံးပြဖို့ ကြိုးစားပေမယ့် လှည့်ကြည့်လေးတောင်မခံခဲ့ရပါဘူး။ တကယ်ဆိုးတဲ့ဘ၀နော်
အဲဒါတော့ သိပ်ကိုမှန်ပါတယ်
ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
A -- မုန်းတဲ့သူတော့ သိပ်မရှိပါဘူး။ ပြုံးပြဖို့တော့ မကြိုးစားပဲ နှုတ်မဆက်ပဲနေခဲ့မိတယ်
အဲဒါတော့ မသိဘူး
ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။
A - ကျေးဇူးတင်ခဲ့ပါတယ်။
အဲလည်းဟုတ်တာပါပဲ ။ တကယ်လည်းပျော်ရွင်သွားပါတယ်
ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။
A -- သက်စာဖောက်တယ်လို့ ပြောလို့မရခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူဘက်မဘာမှမသိခဲ့လို့ပဲ
တကယ်ကို နားလည်ခဲ့ရပါတယ်
ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။
A - - အမြဲတမ်း ညတိုင်း ဆုတောင်းမိပါတယ်။
အမြဲတမ်းအပြုံးအရယ်မရှိတဲ့ သူကို ပြုံးတာမြင်ချင်ခဲ့တာ အမှန်ပါ
ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။
A - ထားခဲ့တယ်လို့ ပြောလို့ မရဘူးဖြစ်နေတယ်
- အမှတ်တရတွေကတော့ အများကြီးပါပဲ ဘယ်တော့မှ ပျောက်ပစ်မသွားနိုင်ပါဘူး
တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။
A - အဲဒီအခွင့်အရေးဟာ ဘယ်လောက်ထိစောင့်ရလဲဆိုတာ သိရရင် ဘယ်လောက်ကောင်းလိုက်မလဲ
တကယ် ခံစားချက်တွေပါ . သူငယ်ချင်းရောဖြေကြည့်ပေးပါလား။ သိချင်လို့ ကျေးဇူးပြုပြီးနော် ။ ဒီနေ့ကို အရမ်းစိတ်ညစ်လို့