ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ Index
1

    အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။

    avatar


    Points : 0
    Join date : 1969-12-31

    အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ Empty အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။

    Post   Wed Sep 01, 2010 8:20 am

    အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့
    ပုံပြင်လေးတစ်ပုဒ်ပါ။

    တစ်ခါက တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက ....
    "ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ" ကျောင်းသူတဦး ထရပ်ပြီး
    စတိတ်စင်ပေါ် တက်လိုက်သည်။

    ဆရာက "သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကို
    ရေးလိုက်ပါ"
    သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊
    မိသားစုနာမည်များကို ရေးချလိုက်သည်။

    ထို့နောက် ဆရာက "အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့
    ထင်တဲ့နာမည်ကို ဖျက်လိုက်ပါ"
    အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။
    " နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး"
    သူငယ်ချင်းတစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်သည်။

    ဆရာပြောတိုင်း သူမက တစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံး
    သင်ပုန်းပေါ်တွင်
    လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီးဖြစ်သည်။
    ကျောင်းသားများ အားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။
    စာသင်ခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ကစားနည်း တစ်ခု ကစားနေတာနှင့်ပင်
    မတူတော့ပေ။ ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာ
    အရွေးရခက်သောဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘ ဆိုသည့် နာမည်ကို ကြက်ခြေခတ်
    ဖျက်ချလိုက်သည်။

    "နောက်တယောက် ထပ်ဖျက်လိုက်" ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။ ဒီတစ်ခေါက်
    သူမဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခမ်း နေဟန်တူသည်။ လက်ကို
    ဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့်
    တစ်ပြိုက်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေးလေတော့သည်။ ဆရာက
    သူမအား နှစ်သိမ့်ပြီး....

    "ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။
    မိဘကကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားသမီးက
    ကိုယ့်ဝမ်းနဲ့
    လွယ်ပြီး မွေးထားရတဲ့ သူတွေဖြစ်တယ်။ သူတို့က အစား ပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။
    လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူလို့ရပါလျှက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲ
    ချန်ထားခဲ့ရသလဲ" ဟုမေးလေသည်။ ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစား
    စောင့်မျှော်နေကြသည်။

    သူမက ..."အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကို
    ထားပြီးအရင် ထွက်သွားကြလိမ့်မယ်။ သား သမီးတွေကလဲ ကြီးပြင်းလာရင်
    ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ်။
    အဲဒီ အချိန်မှာ ကျွန်မ ဘေးမှာ တသက်လုံး ကူညီ ဖေးမမဲ့ သူဟာ ကျွန်မခင်ပွန်းသာ
    ဖြစ်ပါတော့မယ်။ ဒါကြောင့်သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်" ဟု
    တည်ငြိမ်စွာ ပြန်ဖြေလေသည်။

    ဘ၀မှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?
    "အသွားမတော် တလှမ်း၊ အစားမတော် တလုတ်" ဆိုသလို "အယူမတော် တသက်"
    လို့ရော ပြောလို့ ရနိုင်မလား...ဒါမှမဟုတ်.....
    "အိမ်ထောင်မှု၊ ဘုရားတည်
    ဆေးမှင်ရည် စုတ်ထိုး
    ဤသုံးမျိုး ချက်မပိုင်လျှင်
    နောင်ပြင်ရန် ခက်လိမ့်မည် " ဆိုတဲ့ အတိုင်း မြန်မာလူမျိုးတွေ အတွက်တော့
    ဆရာပြောသလို
    မကောင်းရင် နောက်တယောက်ပြောင်းလို့ ဖြစ်ပါ့မလား.. ကျွန်မကို မေးခဲ့ရင်
    ပြန်ဖြေဖို့ တော်တော်ခက်ပါလိမ့်မယ်။ နောက်ဆုံး အဖြေကို ပိုင်ပိုင်နိုင်နိုင်နဲ့
    ဖြေခဲ့တဲ့ အဲဒီ ကျောင်းသူကတောင် မိဘနဲ့ သားသမီးကို ဖျက်တဲ့အချိန်မှာ
    တုံ့ဆိုင်းနေခဲ့သေးတယ်။ ကျွန်မလိုဖြေဖို့ အဖြေတောင် မရှိတဲ့ လူကတော့
    အဲနေရာမှာတင် မူးလဲသွားမလား မပြောတတ်ပါဘူး။
    *အခုတော့ အဖေ့ဘေးမှာ အမေပဲကျန်ပြီး အမေ့ဘေးမှာ
    အဖေပဲကျန်နေခဲ့တဲ့**လူတွေကိုမေးရင် ဘာများပြန်ဖြေလိမ့်မလဲ......?
    *


    ဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍ

    Dale Carnegie ၏
    ပုံပြင်များ<http://dtunnel.com/index.php/1010110A/084b97ed8d65d645b6707165f0055089f06d7e0119036140db641a4e41e3563427a38972b35578ba97813cf42e3a69cc8c31831d96efd488024617198>


    (၁)
    တစ်ခါက ဖခင်တစ်ဦးသည် အသက် (၁၅.၁၆)နှစ် ရှိနေပြီဖြစ်သော သားကို ယောက်ျားမပီသဟု
    ထင်ကာ အားမလို အားမရ ဖြစ်နေသည်။ သားကိုယောက်ျား ပီသစေလို၍ ဆရာတစ်ဦးထံတွင်
    သွားရောက် အပ်နှံခဲ့သည်။ ဆရာက"ခင်ဗျားသားကို ကျုပ်ဆီမှာ အပ်နှံထားတဲ့ ၃လ
    အတွင်းမှာ သူ့ကို ခင်ဗျား လုံးဝ လာမတွေ့ရဘူး။ သူ့ကို ၃လ အတွင်း ယောက်ျား ပီသအောင်
    ကျွန်တော် လေ့ကျင့်ပေးမယ်" ဟုပြောခဲ့သည်။

    ၃လ လွန်သောအခါ ဆရာက ကရာတေးပြိုင်ပွဲ တစ်ခု ကျင်းပပေးပြီး ဖခင်ဖြစ်သူအား လာရောက်
    ကြည့်ရှုစေခဲ့သည်။ သားနှင့်အတူ ယှဉ်ပြိုင်သူမှာ နည်းပြဆရာဖြစ်ပြီး ဆရာက စတင်
    တိုက်ခိုက်သည်နှင့် သားမှာ တဘိုင်းဘိုင်း လဲကျနေတော့သည်။ သို့သော်သူသည်
    လဲကျရမှာ ချက်ချင်းပြန်ထပြီး ပြန်လည် တိုက်ခိုက်ရန် အသင့်အနေအထားကို
    ပြင်ထားလိုက်သည်။ သို့နှင့် ကြိမ်ဖန်များစွာ လဲကျလိုက် ပြန်ထလိုက်နှင့်
    သားဖြစ်သူကို တွေ့သောအခါ ဆရာက ဖခင်အား..."ခင်ဗျားသား ယောက်ျားပီသဖို့ လိုသေးလား"
    ဟု မေးလိုက်သည်။

    ဖခင်က "အရမ်းရှက်ဖို့ ကောင်းတယ်။ ကျွန်တော်မြင်တဲ့ သူ့ရဲ့ ၃လအတွင်း လေ့ကျင့်မှု
    ရလဒ်တွေက တခြားလူ ထိုးလိုက်တိုင်း လဲကျသွားတာပဲ" ဆရာ "ပြိုင်ပွဲတခုရဲ့
    အနိုင်နဲ့အရှုံးကိုပဲ ခင်ဗျားမြင်တာ ကျွန်တော် ၀မ်းနည်း တယ်ဗျာ။ ခင်ဗျားသား
    လဲကျပြီး ချက်ချင်း ပြန်ထလာတဲ့ အင်းအားနဲ့ စိတ်ဓာတ်ကို ခင်ဗျားမမြင်ခဲ့ဘူး။
    ဒါမှ ယောက်ျား တကယ်ပီသတယ်လို့ ခေါ်တာပါ"

    ပြန်ထလာတဲ့ အရေအတွက်ဟာ လဲကျသွားတဲ့ အရေအတွက်ထက် တစ်ကြိမ်ပိုခဲ့ရင်
    အောင်မြင်ပြီ။

    (၂)
    ၁၉၅၀ ခုနှစ်က အမျိုးသမီး ရေကူးချန်ပီယံ တဦးသည် ကမ္ဘာပေါ်တွင် ပထမဦးဆုံး
    အင်္ဂလိပ်ပင်လယ် ရေလက်ကြားကို ကန့်လန့်ဖြတ်ကူးသော ချန်ပီယံ ဖြစ်လိုခဲ့သည်။
    သူ၏ဆန္ဒအတိုင်း သမိုင်းတွင် တင်ကျန်ခဲ့စေရန် ပြင်ဆင် လေ့ကျင့်မှုများ
    ပြုလုပ်ခဲ့သည်။ ထို ဖြတ်ကူးမည့် နေ့တွင် သူသည် မိမိကိုယ်ကို
    ယုံကြည်မှုအပြည့်ဖြင့် သတင်းထောက်နှင့် ပရိသတ်များ၏ ရှေ့မှောက်တွင်ပင်
    ပင်လယ်ထဲသို့ ခုန်ချပြီး အင်္ဂလန် ဖက်သို့ ဦးတည်ပြီး ကူးခတ်ခဲ့သည်။

    ကူးစတွင် ရာသီဥတုမှာ အလွန်သာယာခဲ့သည်။သူသည် မိမိ၏ ပန်းတိုင်ရှိရာသို့
    အားသွန်ခွန်စိုက် ကူးခတ်ခဲ့သည်။ သို့သော် အင်္ဂလန်နှင့် နီးလာသောအခါ
    ပင်လယ်ပြင်သည် မြူများဖြင့် အုံ့ဆိုင်းသွားခဲ့သည်။ မိမိ၏ရှေ့ လက်တစ်ဆန့်တွင်ပင်
    ဘာမှ မမြင်ရလောက်အောင် မြူများ ထူထပ်လာခဲ့သည်။

    အပြောကျယ်သော ပင်လယ်ပြင်တွင် သူသည် ဦးတည်ရာ ပျောက်နေခဲ့သည်။ ပန်းတိုင်၏
    အကွာအဝေးကို သူ မခန့်မှန်းနိုင်ဘဲ ရှိနေခဲ့သည်။ ကူးခတ်ရင်း သူ
    လက်ပန်းကျလာခဲ့သည်။ နောက်ဆုံးလက်လွတ်လိုက်ပြီဖြစ် ကြောင့် သူ ကြေညာလိုက်သည်။
    အသက်ကယ်လှေများ သူအား လာရောက် ဆယ်ယူမှ ပန်းတိုင်ရောက်ဖို့ မီတာ ၁၀၀သာ
    လိုတော့ကြောင်း သူ သတိပြုမိလိုက်သည်။ ပရိသတ်များက ပန်းတိုင်ရောက်ခါနီးမှ
    လက်လွတ်လိုက်သည်ကို နှမြေတသ ဖြစ်နေကြသည်။

    "မြူအုံ့နေတာ ကျွန်မရဲ့ ဆင်ခြင် မဟုတ်ပါဘူး။ ပန်းတိုင်ရောက်ဖို့ မီတာ ၁၀၀ပဲ
    လိုတော့တယ် ဆိုတာ ကျွန်မသိခဲ့ရင် ပန်းတိုင်ရောက်တဲ့ အထိ ကျွန်မ အားမလျှော့ဘဲ
    ကူးခဲ့ပါတယ်" ဟု ပရိသတ်နှင့် သတင်းထောက် များအား ပြောခဲ့သည်။

    ဇွဲလုံလ မလျော့ဘဲ နောက်ဆုံးအချိန် အထိ တောင့်ခိုင်နိုင်သူအတွက် နောက်ဆုံး ရလဒ်က
    အောင်မြင်ခြင်းပါ။

    +++++++++++++++++++++++++++++++++++++++++++++++++++++++++++++

    ၁) စိတ်တိုဒေါသထွက်တဲ့အခါ မျက်စိကို မှိတ်ထားလိုက်ပါ။ အဆုတ် အနက်ရှိုင်းဆုံးထိ
    အသက် ခပ်ပြင်းပြင်းတစ်ချက် ရှုသွင်းပါ။

    ၂) ပြဿနာ သို့မဟုတ် စိတ်ညစ်စရာတွေနဲ့ ကြုံရတာဟာ ဘဝအတွက် အတွေ့အကြုံ
    ပိုရှိစေတယ်လို့ မှတ်ယူပါ။

    ၃) ပြဿနာ ကြီးကြီးနဲ့ ကြုံတဲ့အခါ စိတ်ကို ပိုလျော့ချပေးပါ။

    ၄) အသက်မှာလည်း ဒိတ်လွန်နေ့စွဲ ရှိပါတယ်။ ဒိတ်မလွန်ခင် လုပ်ချင်တာကို
    လုပ်လိုက်ပါ။

    ၅) အချစ်မှာ လွတ်လပ်ခွင့် ကိုယ်စီရှိရတယ်။

    ၆) အချစ်ရဲ့ သတ္တိက ဘာလဲ?
    ကိုယ့်ရင်ခွင် ပြတင်းကို ကိုယ်ဆွဲဖွင့်လိုက်တာပဲ ဖြစ်တယ်။

    ၇) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့လူ တစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။
    လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။

    ၈) အချစ်က တန်ဖိုးကြီးရှားပါးတဲ့ ချောကလက်နဲ့တူတယ်။
    လတ်ဆတ်ချိန် မပုပ်မသိုးခင်မှာ ချိုမြိန်တဲ့ အရသာကို ခံစားပါ။

    ၉) အဆက်အသွယ် ပြတ်နေတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းကို ရုတ်တစ်ရက် သတိရလိုက်မိရင်
    ချက်ချင်း ဖုန်းဆက်လိုက်ပါ။ သူလည်း ကိုယ့်ကို သတိရနေတဲ့အချိန် ဖြစ်နေလိမ့်မယ်။

    နိုင်းနိုင်းစနေ


    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    ဘုရားသခင်နှင့် တံခါးစောင့်<http://dtunnel.com/index.php/1010110A/c7c034616a9b077ddbaba8a0d42b052bc022f469d755982ab6fe733d1dd5a9f2242dfdf995ae805fa1bef0f5bc03396d3a8283a060608cb68117512>


    မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက်
    ရှိတဲ့ ဘုရားသခင်
    ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက်
    လာရောက်ဆုတောင်းကြတဲ့
    လူတွေအထူးများပြားခဲ့တယ်။

    ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို
    ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ
    ဝင်မိတယ်။ တစ်နေ့
    ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့
    ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

    "ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။
    သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ
    မှတ်ထားပါ"

    ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့
    နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့
    လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း
    မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊
    မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

    ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး
    အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို
    လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

    တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့
    ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက်
    ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး
    ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

    ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့
    သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

    မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက်
    ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ
    ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို
    လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ
    လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

    အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ
    ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ
    ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့
    ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

    အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
    "အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

    "ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။
    ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

    "ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့
    သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့
    ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။
    သနားစရာအကောင်းဆုံးက
    ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့
    ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

    တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့
    တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ
    ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ
    ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ
    တန်ဖိုးထားလိုက်ပါ။

    နိုင်းနိုင်းစနေ ဘာသာပြန်သည်။

    >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>


    <http://dtunnel.com/index.php/1010110A/c7c034616ac64071ceeba3a2de3f1735ce2ff468d457d006bfc4405f3ad8bc8a507194eee9d0d93e93a1c9abe5111f310f9cf0d70f49b99aae8998fe61a47817fab5e5cf6149b488176cf3692c3475af9e319b2ec717512>လူ့ဘဝဆိုတာ
    ဆီးဆော့ပေါ် လမ်းလျှောက်နေတာနဲ့ တူတယ်။

    <http://dtunnel.com/index.php/1010110A/c7c034616ac74071ceeba3a2de3f1735ce2ff468d457d006bfc4405f3ad8bc8a507194eee9d0d93e9a9bfac5e6111f310f9cf0d70f49b99aae89dbfe698c7875fbc4aa996744eb88176cf3692c3475af9d319b2ec717512>အမြဲပဲ
    နိမ့်ရာကနေ မြင့်ရာကို စလျှောက်ရတယ်။
    ခြေတစ်လှမ်း လှမ်းတိုင်း နောက်တစ်လှမ်းဟာ အရင်တစ်လှမ်းထက် ပိုခက်ခဲနေတတ်တယ်။

    <http://dtunnel.com/index.php/1010110A/c7c034616ac64071ceeba3a2de3f1735ce2ff468d457d006bfc4405f3ad8bc8a507194eee9d0d93e9ab1e5fbd01f1f310f9cf0d70f49b99aae88aefe569e5f25d9ce9be67550bc88176cf3692c3475af9c319b2ec717512>အမြင့်ကိုရောက်လေ
    တည်ငြိမ်ဖို့ ခက်လေဖြစ်တယ်။

    <http://dtunnel.com/index.php/1010110A/c7c034616ac44071ceeba3a2de3f1735ce2ff468d457d006bfc4405f3ad8bc8a507194eee9d0d93e9abbedc6c9041f310f9cf0d70f49b99aae88a6fe35ba7a3bd5d5b4fc444ab888176cf3692c3475af9b319b2ec717512>သင့်ကိုယ်သင်
    အမြင့်ကို ရောက်နေပြီလို့ ထင်တဲ့အချိန်ဟာ
    ကုန်းအဆင်းကို သင် စဆင်းနေပြီဖြစ်တယ်။

    <http://dtunnel.com/index.php/1010110A/c7c034616ac64071ceeba3a2de3f1735ce2ff468d457d006bfc4405f3ad8bc8a507194eee9d0d93eb4aadad3d6361f310f9cf0d70f49b99aae88befe4e8f4f0ce2b6b6ed5019bc88176cf3692c3475af9a319b2ec717512>ဒါကြောင့်
    သင်ရောက်ချင်တဲ့ အမြင့်မှာ ဘယ်တော့မှ
    သင် အမြဲမရပ်နိုင်ဘူးဆိုတာကို သင်သတိပြုမိလိမ့်မယ်။

    <http://dtunnel.com/index.php/1010110A/c7c034616ac64071ceeba3a2de3f1735ce2ff468d457d006bfc4405f3ad8bc8a507194eee9d0d93ebb9ea9cdc0251f310f9cf0d70f49b99aae88b6fe5faf7804f9f3e8d303318288176cf3692c3475af99319b2ec717512>တည်ငြိမ်မှတ်ကို
    သင်ရှာမတွေ့မချင်း အမြင့်မှာ ရပ်နိုင်ဖို့ဆိုတာ
    ဘယ်လောက်ခက်ခဲကြောင်း
    သင်အကြိမ်ကြိမ် တွေဝေပြီးမှ သတိပြုမိလိမ့်မယ်။

    <http://dtunnel.com/index.php/1010110A/c7c034616ac74071ceeba3a2de3f1735ce2ff468d457d006bfc4405f3ad8bc8a507194eee9d0d93ebbbdd2dffb371f310f9cf0d70f49b99aae8888fe65da6600fbb2e8d87c27b488176cf3692c3475af98319b2ec717512>ဘဝရဲ့
    တည်ငြိမ်မှတ်ကို ရှာတွေ့မှ အဲဒီနေရာသာလျှင် အမြင့်ဆုံးဆိုတာကို
    တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သင်ခံစားမိလိမ့်မယ်။

    <http://dtunnel.com/index.php/1010110A/c7c034616ac44071ceeba3a2de3f1735ce2ff468d457d006bfc4405f3ad8bc8a507194eee9d0d93ebba2c0e8fa4b1f310f9cf0d70f49b99aae8880fe66ad6924dec297d1682fb088176cf3692c3475af97319b2ec717512>အဲဒီလို
    အမြင့်ဆုံးမှာ ရပ်နိုင်ဖို့ သင့်မှာ တစ်ခြားနည်းတစ်ခု ရှိသေးတယ်။
    အဲတာကတော့ ဆီးဆော့ရဲ့တစ်ဖက်မှာ သင့်ကို တောင့်ခံ(အားပေး) တဲ့လူ ရှိဖို့ပဲ...
    အဲဒီလူတွေက သင့်မိသားစု၊ သင့်ချစ်သူ ဒါမှမဟုတ်
    သင့်ရဲ့ ပြိုင်ဖက်လဲဖြစ်နိုင်တယ်။

    နိုင်းနိုင်းစနေ

    ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! !
    ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! !


    ဟုတ်တယ် ... ဒါဆို
    ချစ်သွားပြီထင်တယ်<http://dtunnel.com/index.php/1010110A/c7c034616a9b077ddbaba8a0d42b052bc022f469d755982ab6fe733d1dd5a9f2242dfdf695ae805fa1bef0f5bc03396d3a8286ae7e3dd6b3998c8317512>


    <http://dtunnel.com/index.php/1010110A/c7c034616a971e2390a7ada1d63f01378f38b5669465860c81dd437106ed82b14f329fb0edeffb489c99e5d0d85c175f0f9cf0d70f49ba978ece80e443b8690af4b9e1f35a52a896526df574743671efd97a933bc7c94a2c8559fe7373f017512>
    (၁) ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကိုယ့်ဖုန်းကို ဖွင့်ထားပြီး သူ့ဆီက မက်ဆေ့
    ဒါမှမဟုတ် ဖုန်းကို စောင့်နေမိတယ်ဆိုရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

    (၂) သူနဲ့အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင် သူ့ကို
    ကိုယ်ချစ်မိသွားလို့ပဲ။

    (၃) အတူ ရှိနေတဲ့အချိန် သူ့ကို ဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့် ကိုယ့်မြင်ကွင်း
    ထဲကနေ သူပျောက်သွားရင် အပူတပင် လိုက်ရှာတတ်တာ သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

    (၄) သူဖျားနာနေရင်၊ ထိခိုက်ဒဏ်ရာ ရလာရင် လွန်တာထက် ပိုစိုးရိမ်မိရင် သူ့ကို
    ကိုယ်ချစ်မိ သွားလို့ပဲ။

    (၅) တစ်ခြားလူအပေါ် သူစေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလို အူတိုမိရင် သူ့ကို
    ကိုယ်ချစ်မိသွားလို့ပဲ။

    (၆) သူ့ရဲ့ချိုမြမြ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ
    လိုက်တွန့်တတ်ရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

    (၇) ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို ကိုယ်သတိယနေမိရင် သူ့ကို
    ကိုယ်ချစ်မိသွားလို့ပဲ။

    ဟုတ်တယ်... ဒါဆို ချစ်သွားပြီထင်တယ်... သီချင်းကို ခေါင်းစဉ်ယူထားပါတယ်။
    ချစ်နိုင်ကြပါစေ။

    နိုင်းနိုင်းစနေ

      Current date/time is Sat Nov 23, 2024 5:09 pm