ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

Snipping Tool Build in Windows 7 Index
1

    Snipping Tool Build in Windows 7

    avatar


    Points : 0
    Join date : 1969-12-31

    Snipping Tool Build in Windows 7 Empty Snipping Tool Build in Windows 7

    Post   Mon Sep 27, 2010 11:03 am

    Snipping Tool Build in Windows 7

    Microsoft Windows 7 မှာ ပါလာတဲ့ Snipping Tool က ကျွန်တော့်အတွက် Caputer ဖမ်းတဲ့နေရာမှာ အသုံးဝင်လာစေတဲ့ ဓါးတစ်လက်ပါလို့  ပြောချင်ပါတယ်။ သူက ဘာတွေကို Caputer ဖမ်းနိုင်လဲဆိုတော့ မိမိကွန်ပျူတာ၏ ဖန်သားပြင်ပေါ်မှာ ပေါ်နေတဲ့ မည့်သည့် အစိတ်အပိုင်းကို မဆို ကိုယ်လိုချင် သလောက် နေရာအတိအကျအတိုင်း ဓါးတစ်လက်လို ဖျက်တောက် ယူလို့ ရပါတယ်။ ဥပမာ - အနေဖြင့် ကျွန်တော့် ကွန်ပျူတာပေါ်မှာ ရှိတဲ့ အစိတ်အပိုင်း တစ်ခုကို နမူနာ အနေနဲ့  Caputer ဖမ်းပြထားပါတယ်။


    ဒီလိုပုံလေးရဖို့ အတွက် ကျွန်တော်ဘယ်လိုလုပ်လိုက်သလဲဆိုတော့။ အရင်ဦးဆုံး start >>> Programs >>> Accessories >>> Snipping Tool ကိုအရင်ခေါ်လိုက်ပါတယ်။ ပြီးတော့ အထက်ပါပုံမှာ မြင်နေရတဲ့ အစိတ်အပိုင်းအရွယ်အစားအတိုင်း select မှတ်ပေးလိုက်ပါတယ်။ အဲဒီ select မှတ်ပေးလိုက်သည့် ဧရိယာ အတိုင်းပဲ ဖျက်တောက်သွားပါတယ်။

    ပြီးရင်တော့ Save Button မှာနှိပ်ပြီး ပုံကို Save လုပ်လိုက်ပါ။ ပုံရဲ့ extension ကတော့ jpeg အနေနဲ့ သိမ်းပေးသွားတာပါ။ Windows 7 မှာ ပါတဲ့ Snipping Tool လေးကို မိတ်ဆွေတို့ လည်း သုံးကြည့် လိုက်ကြပါအုန်းနော်။

    နောက်ထပ် တစ်ဆက်တည်း အနေနဲ့ ပြောပြချင်တာလေးတစ်ခု ရှိပါတယ်။ မသိသေးသော သူများအတွက် ပေါ့ဗျာ။ ကျွန်တော် အထက်မှာ ဖော်ပြထားတဲ့ ပုံမှာ နဲနဲ ဂရုထားပြီး ကြည့်မယ်ဆိုရင် time မှာ 9:17 AM-Nyi Nyi ဆိုတာလေးကို ဂရုပြုမိမယ်ထင်ပါတယ်။ အဲဒီမှာ ကျွန်တော်နာမည်လေးကို ထည့်ပေးထား ပါတယ်။
    ကျွန်တော်ပြင်ဆင်ထားသလို မိတ်ဆွေတို့ လည်း မိမိတို့ ၏ Windows xp, vist, 7 တွေပေါ်မှာ ပြင်ထားချင် လျှင်တော့ ...
    For Windows 7
    start >>> Control Panel >>> Region and Language ကို ဖွင့်ပါ။
    အဲဒီထဲကမှာ Additional Settings ကိုရွေးပါ။ Times ဆိုသည့် Tab ကိုသွားပါ။

    ပုံပါအတိုင်း ဝိုင်းပြထားသည့် နေရာမှာ ကိုဖော်ပြစေချင်သည့် အမည်ကို ရိုက်ပါ။ ပြီးလျှင် OK နဲ့ ထွက်လိုက်ပါ။
    င်္For XP
    start >>> Control Panel >>> Regional and Language ကို ဖွင့်ပါ။ အဲဒီထဲကမှာ Customize ကိုရွေးပါ။ Times ဆိုသည့် Tab ကိုသွားပါ။ ပုံပါအတိုင်း ဝိုင်းပြထားသည့် နေရာမှာ ကိုဖော်ပြစေချင်သည့် အမည်ကို
    ရိုက်ပါ။ ပြီးလျှင် OK နဲ့ ထွက်လိုက်ပါ။ ဒါလေးပါပဲနော်။ လွယ်လွယ်ကူကူ Tips လေးတွေပါ။

      Current date/time is Wed May 01, 2024 5:27 pm