ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

စဉ်းစားစမ်း အခွင့်အရေးဆိုတာ နှစ်ခါမှ မရနိုင်တာ Index
1

    စဉ်းစားစမ်း အခွင့်အရေးဆိုတာ နှစ်ခါမှ မရနိုင်တာ

    avatar


    Points : 0
    Join date : 1969-12-31

    စဉ်းစားစမ်း အခွင့်အရေးဆိုတာ နှစ်ခါမှ မရနိုင်တာ Empty စဉ်းစားစမ်း အခွင့်အရေးဆိုတာ နှစ်ခါမှ မရနိုင်တာ

    Post   Sun Sep 26, 2010 2:36 am


    ခါးလောက်ရှည်သော မြက်ခင်းစိမ်းစိမ်းများကြား ဘယ်လိုရောက်သွားမှန်း
    ကျွန်တော်မသိပါ။ လေ ပြေညင်းများကလည်း အရှေ့မှ အနောက်သို့
    ခပ်စိပ်စိပ်တိုက်နေချိန်မှာ ကျွန်တော်လေတိုက်ရာအရပ်ကို
    မျက်နှာမူပြီးသားဖြစ်နေသည်။ လေကပြင်းသည်ဟု ဆိုသော်လည်း
    မျက်စိမဖွင့်နိုင်လောက်အောင် ပြင်း ထန်နေသည် မဟုတ်တော့ ပတ်ဝန်းကျင်ရှိ
    အရာဝတ္ထုအားလုံးကို ထင်ထင်ရှားရှားမြင်နေရသည်။ အရှေ့ ဘက်ကတော့
    မျက်စိတစ်ဆုံး မြက်ခင်းပြင်နှင့် ကောင်းကင် ဖြစ်နေသည်။
    ကောင်းကင်တစ်ခုလုံးမှာ လင်းထိန်နေသော်လည်း နေ၏အလင်းလိုမျိုးမပူလောင်ပါ။
    လ၏အလင်းလိုမျိုးအေးမြနေသည်။ ကိုယ် ခန္ဓာက အနောက်ဘက်ကိုရောက်တော့မလို
    ခဏခဏဖြစ်နေသည်။ ယိုင်လောက်အောင် မဟုတ်သော် လည်း
    လဲမသွားအောင်အားတစ်ခုတော့ထည့်ပြီး ထိန်းထားရသည်။ ဘုရား ဘုရား
    ငါဝတ်စုံတစ်ခုလုံးက အဖြူရောင်လွှမ်းနေသည်။ တကယ်တော့ခန္ဓာကိုယ်အနောက်ဘက်သို့
    ရောက်နေရခြင်းမှာ လေတိုက် လွန်း၍ ကျွန်တော့်အ၀တ်အစားများ ရွေ့ရွေ့နေ၍
    ဖြစ်သည်။
    ကျွန်တော်၏လက်နှစ်ဘက်သည်လည်း လေ၏အရသာကို အပြည့်အစုံခံစားရစေရန်
    မသိစိတ်က လှုံဆော်မှုတစ်ခုနှင့်အတူ ကာပြီးသားဖြစ်သွားသည်။
    ကျွန်တော်ဘယ်ရောက်နေသည်မသိ၊ ဘယ်အချိန် ရှိနေမှန်းလည်းမသိ၊
    ဒီကနေဘယ်လိုပြန်ရမှန်းလည်း မသိ၊ အနားမှာဘယ်သူမှလည်းမရှိ သို့သော် လွတ်
    လပ်တဲ့အရသာကို ကျွန်တော်ကျေနပ်နေသည်ကိုတော့ သိသည်။ ဒီလိုအရသာနဲ့
    ဝေးမသွားချင်သည်မှာ လည်း သေချာသလောက်ရှိသည်။ သေချာလည်း သေချာပါသည်။
    ကျေနပ်မှုကို တ၀ကြီးခံစားမလို့ စိတ် ကူးတုန်းရှိသေး
    ကျွန်တော့်ဆီတိုက်ခတ်လာသော အရောင်မရှိသောလေနုအေးများက တဖြည်းဖြည်းရွှေ
    ရောင်ဖြစ်သွားသည်။ ကျွန်တော့်ဝတ်စုံအဖြူရောင်သည်လည်း
    ရွှေရောင်အဖြစ်တောက်ပလာသည်။ ကျွန်တော့်မျက်လုံးထဲမှာ ရွှေရောင်တွေနဲ့
    မြက်ခင်းရှည် အစိမ်းရောင်တောက်တောက်များသာ မြင်ရ တော့သည်။
    မြက်ပင်အစိမ်းရောင်တောက်တောက်များသည် တစ်နေရာထဲတွင် စုစည်းလာကြပြီး ဘော်
    လုံးတစ်လုံးလို ဖြစ်လာသည်။ နောက်ပိုပိုကြီးလာသည်။ ထိုသို့ အစိမ်းရောင်
    ဘော်လုံးလိုလိုကြီးက တ ဖြည်းဖြည်းကြီးလာလေ မြက်ခင်းမှအစိမ်းရောင်များ
    တဖြည်းဖြည်းလျော့သွားလေလေဖြစ်သည်။ အစိမ်း ရောင်ဘော်လုံးလိုလိုကြီးက
    အမျိုးသမီးတစ်ယောက်ပုံစံသို့ အတိအကျပြောင်းသွားချိန်တွင်မှာတော့
    မြက်ခင်းတစ်ခုလုံးမှာ အစိမ်းရောင်ဖျော့ဖျော့သာ ဖြစ်နေတော့သည်။ သူမကို
    ကျွန်တော် ကြောင်ငေး ကြည့်နေစဉ်မှာပင် သူမသည် ကျွန်တော့်ကို
    နွေးထွေးစွာပြုံးပြသည်။
    သူမသည် ကျွန်တော့်မျက်လုံးအစုံကို သေချာကြည့်လျက် တစ်စုံတစ်ရာကို
    ပေးမည့်ပုံစံဖြင့် ညာ ဘက်လက်ကို ဆန့်ထုတ်လိုက်တဲ့အချိန်မှာ
    ကျွန်တော့်လက်ဝါးထဲကို ကွမ်းသီးလုံးအရွယ်သာသာရှိ သော ရွှေရောင်အလုံးလေးကို
    ထည့်ပေးလိုက်သည်။ ရွှေရောင်အလုံးလေးသည် ကျွန်တော်၏ လက် ၀ါးထဲတွင်
    ရွှေရောင်အငွေ့တထောင်းထောင်းနဲ့ ဖြစ်နေသည်။ သူမ၏မျက်နှာကို ကျွန်တော်
    လှမ်း ကြည့် လိုက်မိ ချိန်မှာ သူမသည် နှုတ်ခမ်းတေ့တေ့စေ့လျက်
    လက်ဖ၀ါးနှစ်ခုကို ကပ်ပြီး " ချစ်လူသား စိတ်ထဲ မှာ တကယ်ဖြစ်ချင်နေတဲ့
    အိပ်မက်တစ်ခုခုကို ဒီမှော်လုံးလေး မပျောက်ပျက်သွားခင် မှာ ဆုတောင်း
    လိုက်နော်။ ချစ်လူသား တကယ်ပြည့်မှာနော်။ " ဟုပြောပြီး သူမသည်လျင်မြန်စွာ
    ပျောက်သွားခဲ့လေပြီ။ သူမ ပျောက်သွားတော့ ကျွန်တော့်လက်ထဲကို
    မှော်လုံးလေးကို ကြည့်လိုက်မိသည်။ မှော်လုံးလေးမှာ တဖြည်းဖြည်းနှင့်
    သေးသေးလာလေသည်။ အရေးနဲ့ အကြောင်းနဲ့ဆို ဘာဆုတောင်းရမယ်မှန်းမသိ။
    ဘာဆုတောင်းရမလဲ။ ဘယ်အိပ်မက်ကို အကောင်အထည်ဖော်ခိုင်းရမလဲ။
    ကျွန်တော့်ဘ၀မှာ လိုနေတာ တွေက အများကြီးပဲ။ မြန်မြန်စဉ်းစားစမ်းပါ။
    တကယ်ပြည့်မှာတဲ့။ ဒါပေမယ့် သေသေချာချာစဉ်းစားလိုက် တော့
    ဘာတစ်ခုမှကျွန်တော့်အတွက် အရေးသိပ်မကြီးဘူး။ ချစ်သူနဲ့ ပေါင်းရဖို့လား၊
    ကျွန်းမာပျော်ရွှင်စွာ နေရဖို့လား၊ အခုလည်းချစ်သူနဲ့ မပေါင်းရသေးပေမယ့်
    တစ်ချိန်ချိန်မှာ ပေါင်းနိုင်တာပဲ။ အခုလည်း ပျော် ရွှင်နေတာပဲ။ ပိုက်ဆံတွေ
    အများကြီးရဖို့လား။ မဟုတ်ပါဘူး။ ဒါတွေကို ဘ၀ရဲ့အရေးကြီးဆုံးဆုအဖြစ်နဲ့
    မတောင်းချင်ပါဘူး။
    လက်ထဲက မှော်လုံးလေးက တဖြည်းဖြည်း သေးသေးလာသည်။ မသေးအောင်
    ယောင်ယမ်းပြီး လက်သီးဆုပ်ထားပေမယ့် ရွှေရောင်အငွေ့တွေက လက်ကိုဖောက်ကာ
    ထွက်မြဲထွက်နေသည်။ အမြဲ တမ်းနုပျိုနေဖို့ ဆုတောင်းလိုက်ရမလား။ ဒါလည်း
    မဖြစ်သေးဘူး။ ငါချစ်ရတဲ့သူတွေ အိုသွားတဲ့အချိန်မျိုး မှာ ငါတစ်ယောက်တည်း
    နုနုပျိုပျိုနဲ့ မကျန်ခဲ့ချင်ဘူး။ လက်ဝါးဖြန့်ကြည့်လိုက်တဲ့အခါမှာတော့
    ကျွန်တော်လန့်သွားခဲ့သည်။ မှော်လုံးအရွယ်က မြေပဲစေ့ခန့်သာ ကျန်တော့သည်။
    ကျွန်တော်အိပ်မက် တွေသာ တကယ်အကောင်အထည်ဖော်ခွင့်ရခဲ့ရင် စဉ်းစားစမ်း၊
    စဉ်းစားစမ်း အခွင့်အရေးဆိုတာ နှစ်ခါမှ မရနိုင်တာ မျက်လုံးကိုစုံမှိတ်ပြီး
    စိတ်ထဲမှာရှိတဲ့ဆုကို တိတိကျကျရေရွတ်လိုက်သည်။ တကယ်လို့ စာဖတ်သူဆိုရင်ကော
    ဘယ်လိုဆုမျိုးကို တောင်းမှာလဲ...? ? ?

      Current date/time is Thu Nov 21, 2024 9:13 am