စိတ်ကူးစိတ်သန်း ဆန်းကြယ်တဲ့ သူတွေ ဟာ လက်တွေ့ လုပ်တတ်ရင်တော့
ကြီးပွားတတ်ပါတယ်. . စိတ်ကူးဆန်းပြီး . . . ဘာမှ မလုပ်ဘဲ ကိုယ့်ကိုယ်ကို
အဟုတ်ထင်နေရင်တော့ စိတ်ကူယဉ်သမား ဖြစ်သွားပါလိမ့်မယ်. . . . အလုပ်လုပ်တဲ့
နေရာမှာ စိတ်ကူးကောင်းများနဲ့ မွမ်းမံပြီး အားစိုက်ကာ လုပ်တတ်တဲ့ သူဟာ
ထင်ရှားကျော်ကြားတဲ့ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာမှာ သေချာပါတယ်.
လူငယ်တွေ ဟာ သိပ်ဖြစ်ချင်တဲ့ စိတ်ဟာ ကိုယ်ပိုင် အရင်းအနှီးမပါဘဲ
အကျိုးရလာဒ်ကိုသာ မျှော်ကြည့်နေတဲ့ စိတ်မျိုးမဖြစ်သင့်ပါဘူး . . .
ချမ်းသာချင်တယ်. . ကျော်ကြားတဲ့ အနုပညာရှင်ဖြစ်ချယ်တယ်. ပညာရှင်ကြီး
ဖြစ်ချင်တယ်. စတဲ့ ရည်မှန်းချက်တွေ ၊ စိတ်ကူးတွေ ဟာ လူတိုင်းမှာ
ရှိတတ်ကြပါတယ်. .
တချို့ကတော့ ငယ်ငယ်ကတည်း က အကြံကြီးပါတယ် တချို့ကတော့
အတော်ကြီးလာတဲ့တိုင်အောင် ဘာလုပ်ချင်တယ်လို့ ရည်ရွယ်ချက်မရှိပဲ
အဖေခိုင်းတာ လုပ်မယ်ဆိုပြီး ကိုယ်ပိုင် စိတ်ကူး မဲ့နေတတ်ကြပါတယ်. . . . .
. အကြောင်းအားလျော်စွာ စိတ်ကူးပြောင်းလဲ တတ်တဲ့ သဘောကတော့ ရှိပါတယ်. . .
ဒါပေမယ့် အကျိုးအမြတ်ကိုသာကြည့်ပြီး အလုပ်တန်ဖိုး အစစ်အမှန်ကို
မကြည့်တတ်သူများဟာ အလုပ်ကို မစူးစမ်းရသေးခင် နောက်တစ်ခု ပြောင်းလုပ်ဖို့
စိတ်ကူးတတ်ပါတယ်. . . ဘာမှ မလုပ်ရသေးခင် ကတည်းက စိတ်ကူး ခဏခဏ
ပြောင်းတတ်တဲ့ သူဟာ တကယ်တမ်း အလုပ်စတဲ့ အခါမှာ အခက်အခဲ အသေးအဖွဲကို
တွေ့တာနဲ့ စိတ်ဓာတ်ကျသွားတတ်ပါတယ်. . .
ဒါကြောင့် စိတ်ကူးစပြီးယဉ်ကတည်းက အကျိုးအမြတ်တစ်ခုတည်းကို သာ မကြည့်ပါနဲ့
အလုပ်ရဲ့ အနှစ်သာရ အလုပ်ရဲ့ သဘောသဘာဝကိုပါ ကြည့်တတ်ကြဖို့ လိုပါတယ်. . .
အလုပ်လုပ်တဲ့နေရာမှာ ကိုယ်ရဲ့ အင်အား ကိုယ့်ရဲ့အချိန် စသည်တို့ကို
လေလွင့်ပြုန်းတီးမှုမရှိအောင် ထိန်းပြီး လုပ်တတ်တဲ့သူများက
အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ရည်ကိုယ်သွေး တက်လာတတ်ပါတယ်. .
ဘ၀ရဲ့တန်ဖိုးကို အလုပ်ဖြစ်အောင် . စိတ်ကူးကောင်းထုတ်နိုင်ဖို့နဲ့
စိတ်ကူးကို အကောင်အထည် ဖော်ဖို့ အရေးကြီးပါတယ်. .