(၁) ယခုကာလ လင်နှင့်မယား အကွဲမြန်ကြခြင်းသည် အချစ်ခြင်းမတူသောကြောင့်ဖြစ်၏ ၊
အကြောင်းမူကား မိန်းမကလည်း နည်းနည်းချစ်၏ ၊ ယောကျာ်းကလည်း နည်းနည်းချစ်၏။
(၂) အဖိုးတန်သော မယားကို အ၀တ်ကြောင့်မရပေ ၊ အသုံးအစားကြီး၍ ပလွှားသောမယားကိုသာ
အ၀တ်နှင့်မြူ၍ရပေသည်။
(၃) အချစ်ဆိုသည်မှာ ၊ ချစ်ခိုက်သာလျှင်ချစ်၏ ၊ မုန်းလျှင်ပစ်၏ ၊ တကယ်ရှိသောမရာမဟုတ် ၊
ခေတ္တမျှကောင်းကင်၌ ပေါ်သောတိမ်ရုပ်နှင့်တူ၏ ။
(၄) အချစ်ကြောင့် သောကမီးတောက်ခြင်းသည် အပိုရူးမိုက်ခြင်းဖြစ်လေသည် ။
(၅) အမြဲတုံးလျက် မသွေးဘဲထက်သော ဓားသည် ၊ လင်ကိုနိုင်သောမိန်းမ လျှာဖြစ်လေသည် ။
(၆) မိန်းမပီသသော မိန်းခလေးသည် ၊ အ၀တ်၌လည်းကောင်း ၊အကြံအစည်၌လည်းကောင်း ၊
အပြောအဆို၌ လည်းကောင်း ပလွှားဝင့်ဝါခြင်း မရှိအပ်ပေ။
(ရ) ယောကျာ်းတစ်ယောက် ချွဲချွဲပစ်ပစ်ပြောသည့်အခါ ယုံလွယ်ကြသည်မှာ မိမိတို့ ကိုယ်ကို
အထင်ကြီးကြသောကြောင့်ဖြစ်လေသည်။
(ဂ) မိန်းမတို့ ၏ အဖိုးတန်ခြင်းသည် ၊အကျင့်ကောင်းခြင်း၊ စိတ်ကောင်း ခြင်း၌သာတည်သည် ။
(၉) မိန်းမများ၌ အကြီးဆုံးသောရန်သူသည် ယုံတတ်သောစိတ်ဖြစ်သည် ။
(၁၀) အချစ်သည်ဆိတ်ကွယ်ရာ၌ ကိလေသာဘက်ကို သာလွန်နီးကပ်တတ်လေသည် ။
(၁၁) ချစ်သာချစ်စေ မနစ်စေနှင့် ။