ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

Windows 7 Ultimate Full Version သုံးကြရအောင် Index
1

    Windows 7 Ultimate Full Version သုံးကြရအောင်

    avatar


    Points : 0
    Join date : 1969-12-31

    Windows 7 Ultimate Full Version သုံးကြရအောင် Empty Windows 7 Ultimate Full Version သုံးကြရအောင်

    Post   Mon Sep 27, 2010 8:13 am

    Windows 7 Ultimate Full Version သုံးကြရအောင်

    လူဆိုတာ အကောင်းကြိုက်သတ္တဝါပါ။ ကောင်းတာမှန်သမျှ အကုန်ကြိုက်ကြမယ်လို့  ထင်ပါသည်။ (ဟီးးးး ကျွန်တော်ထင်တာကို ပြောတာနော်) ကျွန်တော်လည်း အခု Windows 7 ကို တော်တော်ကြိုက်နေပါသည်။ မိတ်ဆွေတို့ လည်း Windows 7 ကို သုံးမိရင် အကြိုက်တွေ့ မည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ ကြောင့် Windows 7 နှင့် ပတ်သက်သည့် Info တစ်ချို့ ကို တင်ပေးလိုက်ပါသည်။

    Windows 7 ကို စမ်းသုံးချင် သော မိတ်ဆွေတို့ အတွက် လိုအပ်ချက် -

    Windows 7 System Requirements

    * 1GHz processor (32- or 64-bit)
    * 1GB of main memory
    * 16GB of available disk space
    * Support for DX9 graphics with 128MB of memory (for the Aero interface)
    * A DVD-R/W drive
    အထက်ပါအတိုင်းပြည့်စုံခဲ့ရင်တော့ Windows 7 Ultimate 32bit Full Version ခွေကို Active, National စသည့် software ခွေဆိုင်များမှာ မေးဝယ်လိုက်ပါ။ ကိုယ့်ရဲ့ စက်မှာ Windows 7 OS ကို Install လုပ်လိုက်ပါ။ ( Windows 7 Install ပြုလုပ်တဲ့ ကြာချိန်ဟာ မိနစ် ၂၀ လောက်သာ ကြာပါတယ်။ ) လုပ်ပုံလုပ်နည်းတွေ ကတော့ Vista တင်ဖူးသူတိုင်း အတွက် အခက်အခဲရှိမည် မထင်ပါ။ ထို့ ကြောင့် ကျွန်တော် Windows 7 တင်နည်းကို အသေးစိတ်မပြောတော့ပါ။ အဓိက ပွိုင့်လေးတွေကိုပဲ ကျွန်တော်သိသလောက် ပြောပြသွားမှာပါ။

    Serial Number တောင်းသောအဆင့်တွင် Serial Number ကို Blank အတိုင်းထားပြီး ဆက်သွားလိုက်ပါ။ နောက်ဆုံး Windows 7 တက်သွားသည့် အဆင့်ရောက်ပြီ ဆိုတော့မှ ကိုယ်ဝယ်လာတဲ့ Windows 7 Ultimate CD ခွေထဲတွင် Crack Folder ကိုလိုက်ရှာပါ။ အဲဒီထဲမှာပါတဲ့ Read Me File ကို သေချာဖတ်ပါ။ Read Me File ထဲတွင် အရင်ဦးဆုံး Crack မဖြည်ခင် ကြိုပြီးတော့ UAC (User Account Control) settings ကို Never Notify ပြောင်းဖို့ ပြောထားပါတယ်။ အဲဒီအဆင့်ကို မမေ့ပါနဲ့ ။ ပြီးမှ OEM Loader ကို run ပါ။ အဲဒီထဲမှာ OEM Logo အခု (၃၀) ပါပါတယ်။ ကိုယ်ကြိုက်ရာကိုရွေးလိုက်ပါ။ ပြီးလျှင် Activation လုပ်ပါ။ Restart ချလိုက်ပါ။ Windows 7 ကို Crack Activate လုပ်ပေးရတာ အလွန်လွယ်ကူပါသည် Vista လောက်ဇာတ်မရှုတ်ပါ။ နောက်ပြီး Driver တော်တော်များများကိုလည်း သိပါတယ်။ အဓိက အသုံးများတဲ့ (Symantec, Office 2003, Office 2007, Adobe CS 3, CS4, Gtalk, Zawgyi) တို့ အပြင် တခြား Application တော်တော်များများကို လည်း တင်သုံးလို့ ရပါတယ်။ Windows 7 က မြန်ဆန်မှုတွေကို ဦးစားပေးပြီး ဖန်တီးထားလို့ လားတော့မသိ သုံးရတာကတော့ Vista နဲ့  လုံးဝမဆိုင် မြန်မှမြန် စက်အတက်၊ စက်အပိတ်တွေမှာ သိသိသာသာကြီးကို မြန်လာပါတယ်။ နောက်ပြီး Windows 7 ၏ GUI တွေကလည်း သုံးချင်စရာကောင်းအောင်ကို ဖန်တီးပေးထား တာကိုတွေ့ ရပါတယ်။ ဒီတစ်ခါတော့ Microsoft ကအမှန်အကန် Windows တစ်ခုကို ထုတ်လုပ်နိုင်ခဲ့ပြီလို့  ထင်ရပါတယ်။ မိတ်ဆွေတို့ လည်း Microsoft ရဲ့  Windows 7 Ultimate Full Version ကို အမှန်အကန်သုံးလို့ ရပါပြီလို့  သတင်းကောင်း ပေးရင်း ရေးသားမှုကို ဒီမှာပဲ နားလိုက်ပါတယ်။

      Current date/time is Thu May 02, 2024 2:06 am