ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

 စစ်မှန်သောတန်ဖိုး Index
1

    စစ်မှန်သောတန်ဖိုး

    avatar


    Points : 0
    Join date : 1969-12-31

     စစ်မှန်သောတန်ဖိုး Empty စစ်မှန်သောတန်ဖိုး

    Post   Mon Sep 27, 2010 4:58 am




    စစ်မှန်သောတန်ဖိုး

    တစ်ခါက နာမည်ကြီး မိန့်ခွန်းပြောသူတယောက်က သူ့ရဲ့  ဟောပြောပွဲကို ဒေါ်လာ
    ၂၀တန်ကိုင်ပြီး “ဘယ်သူ ဒီဒေါ်လာ ၂၀တန်လိုချင်လဲ” လို့ မေးကာစတင်ခဲ့တယ်…
    ထိုအခါ … လူတိုင်းရဲ့ လက်တွေမိုးပေါ်ထောင်ပြီး
    လိုချင်ကြကြောင်းပြတယ်…

    သူကထပ်ပြီး “ဒီဒေါ်လာ ၂၀တန်ကို ခင်ဗျားတို့ထဲက တယောက်ယောက်ကို ပေးမှာပါ…
    ဒါပေမယ့် ကျွန်တော်ကို ဒီလိုလုပ်ခွင့်တော့ ပြုဦး” ဆိုပြီး ဒေါ်လာ
    ၂၀တန်ကို လက်ထဲမှာ လုံးချေလိုက်တယ်… နောက်တော့ သူထပ်မေးတယ်…
    “ဒါကို ဘယ်သူလိုချင်သေးလဲ” တဲ့… လူတိုင်းရဲ့  လက်တွေမိုးပေါ်ထပ်မြှောက်ကြပြန်တယ်…

    “ကောင်းပြီ”လို့ သူပြောလိုက်ပြီး “အကယ်၍ ကျွန်တော် ဒီလိုလုပ်လိုက်ရင်ကော”
    ဆိုကာ ဒေါ်လာ၂၀တန်ကို မြေကြီးပေါ်ပစ်ချပြီး ဖိနပ်နဲ့ နင်းချေလိုက်တယ်…
    ပြီးတော့ တွန့်ကြေညစ်ပတ်နေတဲ့ ဒေါ်လာ၂၀တန်ကို ကောက်ကိုင်လိုက်ပြီး
    “အခုရော ဘယ်သူလိုချင်သေးလဲ”လို့ ထပ်မေးပြန်တယ်… ပရိသတ်ရဲ့  လက်တွေကလည်း
    အရင်လို မိုးပေါ်ထပ်မြှောက်ကြပြန်ပါတယ်…

    “ဒီတော့ မိတ်ဆွေတို့ အခု ခင်ဗျားတို့ အလွန်တန်ဖိုးရှိတဲ့
    သင်ခန်းစာတစ်ခုရသွားကြပြီ… ကျွန်တော် ဒီပိုက်ဆံကို ဘယ်လိုပဲလုပ်လုပ်
    ခင်ဗျားတို့ လိုချင်ကြတယ်… ဘာလို့လဲ ဆိုတော့ ဒီပိုက်ဆံရဲ့  တန်ဖိုးက
    လျော့ကျမသွားလို့ပဲ… ဒေါ်လာ ၂၀တန်က ဒေါ်လာ၂၀တန်ဖိုးရှိတုန်းပဲ… ဒီလိုပဲ ကျွန်တော်တို့
    ရဲ့  ဘ၀မှာလည်း ကျွန်တော်တို့ရဲ့  မှားယွင်းသွားတဲ့ ဆုံးဖြတ်ချက်တွေနဲ့
    အခြေအနေအမျိုးမျိုးကြောင့်
    ကျွန်တော်တို့ ရှုံးနိမ့်ကြတယ်… အနင်းချေခံကြရတယ်… အရှုတ်ချခံကြရတယ်…
    ဒီအခါ ကျွန်တော်တို့က
    ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတော့ဘူးလို့ စိတ်ဓာတ်ကျမိကြလိမ့်မယ်… ဒါပေမယ့်
    ကျွန်တော်တို့
    ဘ၀ကြီး ဘာပဲ ဖြစ်သွားဖြစ်သွား ကျွန်တော်တို့ရဲ့  ကိုယ်ပိုင်တန်ဖိုးတွေက
    လျော့ကျသွားမှာ
    မဟုတ်ဘူး… အမြဲတမ်း လူတိုင်းက ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိကြပါတယ်… ဒါကို
    ဘယ်တော့မှ မမေ့ပါနဲ့…”

      Current date/time is Thu May 16, 2024 8:53 pm