ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

လောကဓံဆိုတာ အကောင်းလည်း  လောကဓံပဲ။  Index
1

    လောကဓံဆိုတာ အကောင်းလည်း လောကဓံပဲ။

    avatar


    Points : 0
    Join date : 1969-12-31

    လောကဓံဆိုတာ အကောင်းလည်း  လောကဓံပဲ။  Empty လောကဓံဆိုတာ အကောင်းလည်း လောကဓံပဲ။

    Post   Sun Sep 26, 2010 2:02 am

    ဆရာတော်ဦးဇောတိကတရားတော်မှ
    လောကဓံဆိုတာ အကောင်းလည်း လောကဓံပဲ။ အဆိုလည်းလောကဓံပဲ။ များသောအားဖြင့် အဆိုးကိုပဲ လောကဓံလို့ ပြောကြတာများပါတယ်။ အကောင်းနဲ့ ကြုံနေရတဲ့ အခါကြတော့ ငါ့မှာ လောကဓံနဲ့ ကြုံနေရတယ်လို့ မပြောကြဘူး။ အကောင်းကို လောကဓံလို့ မထင်ဘူး။ သို့သော် ဘဝမှာ ကြုံတွေ့နေရတာဟာ အဆိုးတွေက တော်တော်များပါတယ်။ အဲဒါတွေကို သတိနဲ့ ဉာဏ်နဲ့ ကြည့်ပြီးတော့ သိပြီးတော့ နေကြမယ်ဆိုရင် အဲဒီ အဆိုးတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံရတာ သက်သာမယ်။
    အခြွေအရံများခြင်း အခြွေအရံနည်းခြင်းကို အရင်ကလည်းပြောဖူးပါတယ်။ နောင်တစ်ခေတ်မှာ လူတွေ တွေ့ကြုံရမယ့် ဒုက္ခ တွေထဲမှာ အကြီးဆုံးဒုက္ခက ဘာလဲဆိုတော့ အပေါင်းဖော်မရှိခြင်းပဲ။ အခုလည်း ကြုံနေရပါပြီ။ ယေဘုယျ လောကကြီးထဲ ကြာလေများလေ ဖြစ်လာနေတာ လူဦးရေများလာသလောက် လူတွေအဖော်မဲ့ အထီးကျန် ပိုဖြစ်လာပါတယ်။ အပျော်အပါးတွေ လည်းအခုခေတ်မှာ ပိုများလာပါတယ်။ အပျော်အပါးများလာသလောက် အဖော်လည်းပိုပြီး မက်လာကြပါတယ်။

    အနောက်နိုင်ငံမှာတော့ တော်တော်လေး ဒီအခက်ခဲတွေကို တွေ့ရတာ တော်တော်လေး ကြာနေပါပြီ။ အနောက်နိုင်ငံက ပညာရှိအချို့ကလည်း ဒီအခက်ခဲ ဒုက္ခ တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူတို့ဟာ
    သူတို့နည်းလမ်းတွေ ရှာနေကြပါတယ်။ သို့သော် ပြည့်စုံတယ်လို့တော့ မရှိပါဘူး။ ဘယ်တော့မှ မပြည့်စုံဘူး။ သူတို့ဆီက ကောင်းတဲ့ နည်းတွေကိုလည်း ယူရမှာပဲနော်။ ဘုန်းဘုန်းငယ်ငယ်က စာအုပ်ကလေးတစ်အုပ် ဖတ်ဖူးတာရှိတယ်။
    “My crowded loneliness ” အဓိပ္ပါယ်က လူတွေအများကြီးထဲမှာ နေပြီးမှ အထီးကျန်ဖြစ်နေတဲ့ဘဝ လို့ ဆိုလိုပါတယ်။ အင်မတန်စဉ်းစားဖို့ ကောင်းတယ်နော်။ လူမရှိလို့ အထီးကျန်ဖြစ်တာ မဟုတ်ဘူးနော်.. ကိုယ့်အနားမှာ လူတွေအများကြီးရှိနေပေမဲ့လည်း ကိုယ်ဟာအထီးကျန်အဖော်မဲ့ ဖြစ်နေပါတယ်။ ဒီအကြောင်းနဲ့ပက်သက်လို့လဲ အနောက်နိုင်ငံက ပညာရှင်များပြောတာကိုလည်း ထည့်စဉ်းစားစေချင်ပါတယ်။ မြတ်စွာဘုရားဟောတော်မူတဲ့ သတိပဋ္ဌာန်ကြီးနဲ့လည်း ဒါကိုဘယ်လိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုလည်း စဉ်းစားစေချင်ပါတယ်။ လက်တွေ့လည်း လုပ်ကြည့်စေချင်ပါတယ်။ လူတွေအများကြီးရှိနေပေမယ့် အဖော်မဲ့သလို ဖြစ်နေတဲ့ ခံစားမှုမျိုး ကြုံဖူးကြမှာပါပဲ။

    ဘယ်သူပဲဖြစ်ဖြစ် တစ်ဖြည်းဖြည်းနဲ့ အနည်းနဲ့ အများ အဖော်မဲ့နေသလို အထီးကျန်နေသလိုမျိုးဟာ ကြုံတွေ့ရတတ်ပါတယ်။ အချို့လူတွေဟာ အလုပ်သိပ်များတယ် ဘယ်တော့မဆို ခပ်သုတ်သုတ်လုပ်တယ်။ ခပ်မြန်မြန်သွားတယ်၊ ပြောတယ်၊ လုပ်တယ်။ သူ့မှာ သူ့အနားကို ရောက်လာတဲ့ လူတစ်ယောက်ကို အေးအေးဆေးဆေး အာရုံပြုဖို့၊ ဒီလူပြောတာကို အေးအေးဆေးဆေး စဉ်းစားဖို့၊ အဲဒီလူကို ကိုယ့်စိတ်ထဲက ဘာပြောချင်လဲဆိုတာကို စဉ်းစားပြီးတော့ ပြန်ပြောဖို့ရာ အချိန်မရှိဘူး။

    အခုခေတ်က အလုပ်အင်မတန်များတဲ့ခေတ်၊ အပျော်အပါးတွေ အင်မတန်များတဲ့ခေတ် ဖြစ်တော့ လူလူချင်းဆက်ဆံရေးမှာ အချိန်တွေဟာ လျော့လျော့ကုန်သွားတယ်။ အနောက်နိုင်ငံမှာဆိုရင် မိဘနဲ့သားသမီး စကားပြောချိန်ဟာ တစ်နေ့မှမိနစ် ၂ဝ လောက်ပဲရှိတယ်တဲ့။ လူလူချင်းထိတွေ့မှု Human contact တဖြည်းဖြည်း နည်းသွားနေတယ်။

    အဖော်ဆိုတာ ဘယ်လိုမျိုးကိုခေါ်မလဲ။ ကိုယ့်စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲ၊ ဘာတွေခံစားနေရမလဲကို ကိုယ်ချင်းစာတဲ့သူ၊ နားလည်တဲ့သူ။ နားလည်တယ် ဆိုတဲ့နေရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော အဆိုးရော အားနည်းချက်ရော အကုန်လုံးကို နားလည်တာကိုဆိုလိုတာနော်။ ကိုယ့်ကိုအလကားနေရင်း အပြစ်မတင်တဲ့သူ၊ မဝေဖန် မရှုတ်ချတဲ့သူ၊ အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ခေါ်တယ်။ သာမန်အားဖြင့် လူတွေက အပြစ်မရှိအပြစ်ရှာတက်တယ်။ အပြစ်သေးသေးလေးကို ပုံကြီးချဲ့တတ်တယ်။ အဖော်ကောင်း မိတ်ဆွေကောင်းတွေဟာ အဲဒီလို မလုပ်ဘူးနော်။ ကိုယ့်ရဲ့ချို့ယွင်းချက်ကို စေတနာ၊မေတ္တာနဲ့ မထောက်ပြဘူး မဆိုလိုဘူးနော်။ ကိုယ့်မှာ အမှားတွေ ချို့ယွင်းချက်တွေ ရှိနေရင်တောင်မှ အဲဒါကို ကိုယ်ချင်းစာပြီးတော့ နားလည်အောင်ကြိုးစားတယ်။ ငါဟာ သူ့နေရာမှာ နေရရင် ဘယ်နှယ့်များနေမလဲလို့ ကိုယ်ချင်းစာတတ်တယ် ကိုယ့်စကားကို သေသေချာချာနားထောင်တယ်။ ဆုံးအောင် နားထောင်တယ်။ အဓိပ္ပါယ်ကိုလည်း မှန်မှန်ကောက်တယ်။

    ဒီအချက်တွေကို သေသေချာချာ စဉ်းစားပါနော်။ အဖော်ဖြစ်ဖို့ရာ လိုအပ်တဲ့ အင်္ဂါရပ်တွေက တော်တော်များပါတယ်။ ကိုယ်အနားမှာ ထိုင်နေရုံနဲ့ အဖော်လို့ ပြောလို့မရဘူး။ ကိုယ်ပြောတဲ့ စကားကို မှန်မှန်ကန်ကန်နဲ့ နားလည်မှသာ သူနဲ့ ကိုယ်နဲ့ အဖော်ဖြစ်နိုင်တယ်။ ကိုယ်က စကားတစ်ခုခုပြောတယ်။ သူက သူ့ဟာသူ လိုသလို အဓိပ္ပါယ်ကောက်တယ်။ ကိုယ်က အဲဒါငါပြောချင်တဲ့ အဓိပ္ပါယ်မဟုတ်ပါဘူးလို့ ပြန်ရှင်းပြရင်တောင်မှ သူက လက်မခံဘူး။ ကိုယ်ကောက်ချင်တဲ့ အဓိပ္ပါယ်ပဲကောက်တယ်။ အဲဒါမျိုးလုပ်တတ်တယ်ဆိုရင် အဲဒီလူနှစ်ယောက်ဟာ အဖော်မဖြစ်နိုင်ဘူး။ နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး။ သို့သော် တဆင့်နှိပ်ပီ ပြောရမယ်ဆိုရင် နားလည်ချင်စိတ်ရှိတယ်။ နားလည်ဖို့ ကြိုးစားတယ်ဆိုရင်ပဲ အင်မတန်တော်လှပါပီ။ အဲဒီလောက်ရှိပီဆိုရင်ပဲ ဒီလူနှစ်ယောက်ဟာ အဖော်ဖြစ်လို့ရပီ။

    အများစုကတော့ တစ်အိမ်ထဲမှာ အတူတူပင်နေသော်လည်း တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်တွေ ကောက်တာတွေ လွဲနေတယ်။ စကားကို ဆုံးအောင်နားမထောင်ဘူး။ ကိုယ်ချင်းမစာဘူး။ နားမလည်ဘူး။ ခန္ဓာကိုယ်ချင်း ထိပီ ထိုင်နေသော်လည်း စိတ်ချင်းတစ်ယောက်နဲ့ တစ်ယောက် မသိဘူးလို့ ပြောလို့ရတယ်။ သူ့လည်း ငါမသိ ငါ့လည်း သူမသိ။ ဒီလို မသိနိုင်တဲ့သူ နှစ်ယောက် အဖော်မဖြစ်နိုင်ပါဘူး။ ငါ့ကို သိမှ ငါနဲ့ အဖော်ဖြစ်မယ်။ ငါဘယ်လိုခံစားနေတယ်ဆိုတာ သိမှ ငါနဲ့ အဖော်ဖြစ်မယ်။

    ဥပမာ... သင်္ချာပညာရှင် တစ်ယောက်နဲ့ ရူပဗေဒ ပညာရှင်တစ်ယောက်ရှိတယ်ဆိုပါတော့.. မက်စ်နဲ့ ဖေစ့်စစ် သူတို့နှစ်ယောက်ဟာ ဘာသာရပ်ချင်း ဆက်စပ်မှုချင်းနည်းနည်းရှိနေတော့ တစ်ယောက်ကို တစ်ယောက် ဒီဘာသာရပ်နဲ့ ပတ်သက်တာတွေ ပြောကြမယ် ဆိုကြမယ် ဆွေးနွေးကြမယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် အဖော်မဖြစ်ဘူး။ ဘယ်ဖြစ်လို့လဲ ဆိုတော့ အဲဒါ အပြင်ပကြောင့်ဖြစ်တယ်။ ကိုယ့်ဘဝနဲ့ ကိုယ်ခံစားချက်နဲ့ တကယ်ပြည့်ပြည်ဝဝ ဆက်စပ်မှု မရှိသေးဘူး။ သို့သော် သူတို့နှစ်ယောက်က ပညာရှင် အချင်းချင်း ပညာကို တန်ဖိုးထားတဲ့ ဆက်ဆံရေးမျိုးဖြစ်တယ်။ အဲဒီလောက်နဲ့ ဆက်ဆံရေး မလုံလောက်ဘူး။ သူ့မှာ ဝမ်းနည်းတဲ့ အခါလည်းရှိတယ်။ စိုးရိမ်တဲ့ အခါလည်းရှိတယ်။ အားငယ်တဲ့ အခါလည်းရှိမယ်။ တစ်ချိန်မှာ ဝမ်းသာမဲ့အခါလည်း ရှိမယ်။ အဲဒါတွေ အားလုံးကို မျှဝေပြောပြနိုင်ပါမှ မိတ်ဆွေကောင်း အဖော်ကောင်းလို့ ခေါ်နိုင်တယ်။

    ဘယ်သူဖြစ်ဖြစ် တစ်ခါတစ်လေ ဝမ်းနည်းတတ်တယ်။ ဒါပေမဲ့ အဲဒါကို ဟန်လုပ်ပီ ဖုံးကွယ်ပီ နေတတ်တယ်။ လူနဲ့ တွေ့တဲ့အခါ ပျော်နေတဲ့ အမူအရာမျိုးလုပ်ပြတယ်။ ငါဝမ်းနည်းနေတာ လူတွေ မတွေ့စေရဘူး။ လူသိသွားရင် ငါ့ကို ပျော့ညံ့တဲ့လူလို့ ထင်မယ်။ အဲဒီတော့ ဟန်လုပ်ပီ နေရတာ သိပ်ပီတော့ lonely ဖြစ်တယ်။ တချို့ ကိုယ်လုပ်ချင်တဲ့ကိစ္စတွေထဲမှာ ကိုယ့်ဟာကိုယ်ပြန်ပီ ရှင်းရတဲ့ ကိစ္စမျိုး ရှိချင်ရှိမယ်။ မအောင်မြင်တဲ့ ကိစ္စမျိုးလည်းရှိချင် ရှိမယ်။ အဲဒီလို ကိုယ်စိတ်ထဲမှာ ရှက်တာ ကြောက်တာ အားငယ်တာ စိုးရိမ်တာ ဝမ်းနည်းတာတွေကို မသိတဲ့သူ နားမလည်တဲ့သူ ကိုယ်ချင်းမစာတဲ့ သူတွေအတွက် အဖော်မဖြစ်နိုင်ပါဘူး။ အထူး သဖြင့် ကိုယ်နဲ့ အတူနေတဲ့သူတွေဆိုရင် အရေးကြီးပါတယ်။ တချို့လူတွေဟာ လူအများနဲ့ တကယ်ခင်ခင်မင်မင် ရင်းရင်းနှီးနှီး မဆက်ဆံကြဘူး။ လူတွေနဲ့ ကင်းကွာပီ တစ်ယောက်တည်း ဖြစ်နေတယ်။ တစ်ယောက်တည်း ဖြစ်နေတာကိုလဲ ရင်ထဲမှာ ခံရတာ ခက်နေတယ်။ ကိုယ်အကြောင်းကို ပြန်စဉ်းစားမိရင် ပြန်တွေးမိရင် ရင်ထဲမှာ ခံရတာ ခက်နေတယ်။ ဒါကိုလည်း လူတွေ အတော်များများ ခံစားဖူးမှာပါနော်။


      Current date/time is Sat Nov 23, 2024 4:09 pm